ဗေဒင်ပညာကိုစိတ်ဝင်စားတတ်ချင်သူများအတွက်အလွယ်တတ်နည်းကိုစေတနာဖြင့်အခမဲ့သင်ပေးခြင်းဖြစ်ပါတယ်။ဗေဒင်ပညာမတိမ်ကောစေရန်ပညာရပ်တစ်ခုကိုလက်ဆင့်ကမ်းခြင်းဖြစ်ပါသည်။မိမိနှင့်ပတ်ဝန်းကျင်ကိုအကူညီပေးရန်အတွက်ဖြစ်ပါသည်။
ဆရာရဲရင့်လှိုင်(ဗေဒင်) ကိုကြည့်ရူခြင်းဖြင့်ကျေးဇူးတင်အပ်ပါသည်

ကသစ် သဖွယ်၊ ဥစ် တို့ဝယ်၊ အဘယ်ကြောင့် ခွင်စေ့မထားသနည်း ၏

ကသစ် သဖွယ်၊ ဥစ် တို့ဝယ်၊ အဘယ်ကြောင့် ခွင်စေ့မထားသနည်း ၏ အဖြေကား-ရာဇမတ္တဏ်ကျမ်း၌-ဒဂ့ ဂုဏမနုယုတ္တိတိဂ့ရ၊ သဟ္တတိက ဝိပဝိပဘာဂေပု။ရဗျာဒျူစ္စံ ပြတမော ပုပမှဂ၊ ယု ဝတိ ကုလိရ မိန တုလာ ဟု မိန့်ပြီ။အနက်ကား ပြတမော၊ မိဿ။ ပုပ၊ ပြိဿ။ မှဂ၊ မကာရ။ ယုဝတိ၊ ကန်။ ကုလိရ၊ ကြဋ်။ မိန၊ မိန်။ တုလာ၊ တူတို့သည်ကား။ ရဗျာဒိ၊ တနင်္ဂနွေ စသည်၏။ ဥစ္စံ၊ ဥစ်တည်း။အဓိပ္ပာယ်ကား မိဿ၌ -၁ဝ၊ အင်္သာ တနင်္ဂနွေဥစ်၊ ပြိဿ၌ -၃၊ အင်္သာ တနင်္လာဥစ်၊ မကာရ၌ -၂၈၊ အင်္သာ အင်္ဂါဥစ်၊ ကန်၌ -၁၅၊ အင်္သာ ဗုဒ္ဓဟူးဥစ်၊ ကြဋ်၌ -၅၊ အင်္သာ ကြာ သပတေး ဥစ်၊ မိန်၌ -၂၇၊ အင်္သာ သောကြာ ဥစ်၊ တူ၌ အင်္သာ-၂ဝ၊ စနေ ဥစ်၊ ဤသို့ အသီးသီးတို့ ဖြစ် ကြကုန်၏။ဤသို့ ဂြိုဟ်တို့ကို ဥစ်ဟုခေါ် ဝေါ်ခြင်းသည် အလွန်မြင့်သော လေး စိပ် အားကိုစွဲ၍ ဇေဋ္ဌဗလဟုခေါ်ဝေါ် သည်။ ထို့ကြောင့် ကသစ်မှာ -၁၂ ရာသီ အစေ့ထားရသကဲ့သို့ ဥစ်မှာ ရာသီခွင်စေ့ မထားရ၊ ၄ စိပ် အားရှိ သော ဌာန၌သာ ထားသည်ဟု မှတ် ရမည်။ ဥစ်သည် ဥစ္စသဒ္ဒါမြင့်မြတ် ခြင်းအနက်ဟောဖြစ်၍ လောကလူတို့၏ ဥစ်တချပ် နှစ်ချပ်အခေါ်မှာလည်း ပါစင်အောင်လွဲမှားနေသည်ဟု မှတ်ရ မည်။